Letter to Congress (Burmese မြန်မာဘာသာ)

ဆရာဆရာမများ

Open Tech Fund https://www.opentech.fund/ ဆိုတဲ့ အစီအစဉ်က၂၀၁၃ ခုနှစ်ကတည်းက ဒီမိုကရေစီအရေး နဲ့ လူ့အခွင့်အရေးအတွက် ပွင့်လင်းတဲ့ နည်းပညာပိုင်း (open source)ကို လူတိုင်းလက်လှမ်းမှီ အသုံးချနိုင်ဖို့ အင်တာနက်လွတ်လပ်ခွင့်နဲ့ ( ပုဂ္ဂလိက နဲ့ အများပြည်သူ အင်တာနက်) လုံခြုံရေး ပတ်သက်တဲ့ ကိစ္စတွေအတွက် နိုင်ငံအနှံ့အပြားမှာ ငွေကြေးအထောက်အကူပေးနေတာဖြစ်ပါတယ်။

သမ္မတ ထရမ့်လက်ထက်မှာ သူတို့အဖွဲ့ကို open source မဖြစ်တဲ့ နည်းပညာတွေကိုပဲ ဆက်လက်သွားဖို့နဲ့ OTF ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။ ဒါက အင်တာနက်လွတ်လပ်ခွင့် နဲ့ လူ့အခွင့်အရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ https://www.vice.com/en_ca/article/935k5p/open-technology-fund-ceo-resigns

Open source ဆိုတာကတော့ အခု သုံးနေကြတဲ့ Signal app ဆိုရင် သူ့ရဲ့ code တွေ အားလုံးကို ချပြပါတယ်။ အဲဒီ့အခါမှာ တကယ်ပဲ signal က ပြောထားသလို end-to-end encryption ရှိသလားဆိုတာကို code ကျွမ်းကျင်တဲ့ လူတိုင်းက ဝင်ရောက် စမ်းစစ်နိုင်ပါတယ် ပြီးတော့ အဲဲဒီ့ မျှဝေထားတဲ့ code အပေါ် မူတည်ပြီး တခြားလူတွေက ထပ်လောင်းတီထွင်နိုင်ပါတယ် ။

Closed - source ဆိုတာကို ဥပမာ ပေးရရင် ဖေ့ဘွတ်ကို ပြရပါမယ် ။ ဖေ့ဘွတ်ကို ဖေ့ဘွတ်က လူတွေက လုံခြုံတယ်လို့ ပြောပေမယ့် သူတို့က အသုံးပြုသူရဲ့ အချက်အလက်တွေကို ဘယ်လိုယူနေလဲ ဘယ်သူတွေကို ပေးနေတယ်ဆိုတာကို ဘယ်သူကမှ စစ်လို့ မရပါဘူး။

Digital security ကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေကို ကူညီတိုင်း ပါတဲ့ signal တို့ ToR တို့က OTF က funding နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။

အခု သမ္မတ ထရမ့်က ဒီလိုမျိုး Signal တို့ ToR တို့ကို ထောက်ပံ့နေတဲ့ OTF ဆီကနေ funding ကို ပြန်ယူပြီး တခြား ပွင့်လင်းမြင်သာမှုမရှိတဲ့ app တွေဆီကို ကူးပြောင်းဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

OTF ကို ရန်ပုံငွေ ပေးနေတဲ့ USAGM မှာ ထရမ့်တင်လိုက်တဲ့လူ ရောက်လာပြီးတဲ့နောက် သူတို့ ရန်ပုံငွေပေးနေတဲ့ RFA, Radio Free Europe, VOA က ဦးဆောင်နေတဲ့လူတွေကို အလုပ်ဖြုတ်ပစ်ပြီး သူတို့လူတွေကို ခန့်လိုက်ပါတယ်။

တရုတ်နိုင်ငံက နည်းပညာနဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးကိုရဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းရယူပြီး စီးပွါးရေး နိုင်ငံရေး အသာစီးရဖို့ လုပ်ဆောင်နေတဲ့ အခြေအနေမျိုးမှာ အင်တာနက်လွတ်လပ်မှုနဲ့ ပတ်သက်ပြီး Signal လိုမျိုး app တွေ၊ သုတေသနတွေကို သေသေချာချာတစ်စိုက်မတ်မတ် အကူအညီပေးနေတဲ့ အဖွဲ့ကို ဒီလိုမျိုး funding ရပ်လိုက်ရင် ရေရှည်မှာ ထိခိုက်လာနိုင်တဲ့ အန္တရာယ်ပိုမြင့်မားလာမှာပါ။

အဲဒီအတွက် Open Source ကနေ ကွန်ဂရက်ကို စာတင်ပါမယ်။ နောက် ၂၄-၃၆ နာရီလောက်အတွင်း ဆရာဆရာမတို့က ပါဝင်လက်မှတ်ထိုးပေးနိုင်မယ်ဆိုရင် အထောက်အကူဖြစ်စေ အားကောင်းစေမှာမို့ ပူးပေါင်းပါဝင်ဖို့ အကူအညီတောင်း ဖိတ်ခေါ်အပ်ပါတယ်။

ကွန်ဂရက်ကို ပို့မယ့်စာ

https://saveinternetfreedom.tech/#letter-to-congress

လက်မှတ်ထိုးရမယ့်နေရာ

http://saveinternetfreedom.tech/

◾️ ရည်ညွုန်းကိုးကား သတင်းများ